ဖန်ခွက်ပြုလုပ်ခြင်းအနုပညာ Edo Kiriko !!!!

ဂျပန်မှာတော့ ဒီလိုလှပတဲ့ ဖန်ခွက်ပြုလုပ်ခြင်းအနုပညာရှိပါတယ်။
https://sunchi.jp/sunchilist/tokyo/116337
江戸切子 လို့ခေါ် နေကြတဲ့ နာမည်အတိုင်း အဲဒို (ဆာမူရိုင်းလက်ထပ် တိုကျိုနာမည်)ခေတ်မှာ ပေါ်ပေါက်လာတဲ့ အနုပညာထုတ်ကုန်ဖြစ်ပါတယ်။
အတွင်းဘက်ကအနည်းငယ်ထူပြီး အလင်းပေါက်တဲ့ဖန်ခွက်, အပြင်ဘက်မှာတော့ အရောင်ပါတဲ့ဖန်အပါး…နဲ့ပြုလုပ်ထားတာပါ…
၂ ရောင်ထပ်ထားသလိုမျိုး ဖွဲ့စည်းထားပြီး၊ အရောင်ပါတဲ့အပြင်အလွှာကို သွေးပြီးလှပတဲ့ဒီဇိုင်းတွေဖန်တီးလိုက်ပါတယ်။
အရင်ဆုံး ဒီ 江戸切子(えどきりこ)Edo Kiriko ရဲ့ လှပမှုကို ခံစားကြည့်ရအောင်….!!!!
https://www.biccamera.com/bc/item/3461815/
https://shaddy.jp/gs_front/shouhin/198345340/
https://www.edomono.jp/shopdetail/000000000490/
https://www.creema.jp/item/5829063/detail
ဒီဖန်ခွက်တွေရဲ့ ဒီဇိုင်းထွင်ထားပုံကလည်း ဂန္ထဝင်ဆန်လွန်းပါတယ်.
ဖန်ခွက်အနုပညာရဲ့မူလကတော့ ဥရောပကနေရောက်လာတာပါ…
ဒီနေရာမှာ ဂျပန်ရဲ့ကိုယ်ပိုင်ဟန်ရဲ့ ကျွမ်းကျင်မှုနဲ့အတူ Pattern တွေကိုပါထည့်လိုက်ခြင်းဖြင့် ပြီးပြည့်စုံတဲ့ 江戸切子(えどきりこ)ဖြစ်လာကာ၊ အနုပညာကုန်ပစ္စည်းအဖြစ်နဲ့တောင် နိုင်ငံရပ်ခြားတွေမှာ တန်ဖိုးထားခြင်းခံရလျှက်ရှိပါတယ်။
အားလုံး လက်ဖြင့်သာလုပ်ထားတဲ့အတွက် တန်ဖိုးကလည်းမြှောက်ပါတယ်။
ဒီ ဖြတ်တောက်ခြင်းနည်းပညာမှာ professional တစ်ယောက်ဖြစ်လာဖို့ ၁၀ နှစ်တောင်အချိန်ပေးရပါတယ်တဲ့..!!!!!
ဂျပန်ရဲ့ အစဥ်အလာကနေ ဆင်းသက်လာတဲ့နည်းပညာမှာ နောက်ထပ် တီထွင်ဆန်းသစ်မှု အသစ်အဆန်းဒီဇိုင်း၊ပညာရပ်တွေကို ဖြည့်စွက်ခြင်းဖြင့် ပိုမိုလှပလာတဲ့ 江戸切子(えどきりこ)Edo Kiriko လေးတွေပဲဖြစ်ပါတယ်။
တိုကျိုကိုရောက်ဖြစ်ခဲ့ရင်တော့ သေချာပေါက် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ပေးလိုက်ကြပါနော်…..
Kengo Abe






